Homeပြည်တွင်းသတင်းကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကျဲ

ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကျဲ

ဩဂုတ် ၂၀၂၅

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၄ ရက်မနက် ၁၀ နာရီခွဲလောက်က စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့၊ ရပ်ကွက် (၆)က စျေးသစ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၂၉)နှစ်ရွယ် ဒေါ်မီမီသွေး၊ အသက် (၃၈)နှစ်အရွယ် ဒေါ်မီမီရင်နှင့် အသက် (၆၀)နှစ်အရွယ် ဒေါ်အေးဝင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချော ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁)ခန်း၊ နေအိမ် (၃)အိမ်နှင့် ကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၆)ရက်ကနေ ဩဂုတ် ၄ ရက်အထိ လေကြောင်းဖြင့် (၈)ကြိမ် တိတိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၄၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး