Homeပြည်တွင်းသတင်းကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကြဲ

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံးကြဲ

၂၇ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကောင်စီတပ်တွေဟာ TNLA ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့က ညစျေးတန်းနဲ့ ခရိုင်ရုံးအနီးကို ဒေသစံတော်ချိန် နေ့လယ် (၂း၁၈)နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး ထပ်ပြီး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။

“အိမ်နီကြီးလို့ခေါ်တဲ့နား ကြဲချသွားတာပါ။ ကျောက်မဲကလူတွေအခေါ်တော့ ညောင်ပင်ကြီးနောက်လို့ ခေါ်တာပေါ့။ ခရိုင်ရုံးနဲ့ သိပ်မဝေးဘူး။ အဲ့ဒီနားကအိမ်တွေကတော့ ဗုံးကြောင့် ပြတင်းမှန်ကွဲတာ ၊ ပစ္စည်းတွေ ပျက်စီးတာဖြစ်တယ်၊ ဗုံးစက အိမ်ထိတောင် ရောက်တယ်။ အထိအခိုက်တော့မသိသေးဘူး”လို့ ပတ်ဝန်းကျင်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အသေးစိတ်အချက်အလက်နဲ့အပျက်အစီးသတင်းတွေ မသိရသေးတဲ့အတွက် ထပ်ပြီးဖော်ပြမယ်လို့ TNLA က ပြောဆိုပါတယ်။

ဇန်နဝါရီလ ၂၄ ရက်ကလည်း နေ့လယ် ၁ နာရီ ၂၅ မိနစ်မှာ တကြိမ်၊ ၁ နာရီ ၂၉ မိနစ်မှာ တကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောက်မဲမြို့ ကုတင် ၁၅၀ ဆံ့ ဆေးရုံအဆောက်အဦးတစ်ခုလုံး ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိထားပါတယ်။

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read