Homeပြည်တွင်းသတင်းကျောက်နီမော်ရွာကို စစ်ကောင်စီဗုံးကြဲ၊ လူ ၄၀နီးပါးသေဆုံးပြီး ၂၀နီးပါး ဒဏ်ရာရထား

ကျောက်နီမော်ရွာကို စစ်ကောင်စီဗုံးကြဲ၊ လူ ၄၀နီးပါးသေဆုံးပြီး ၂၀နီးပါး ဒဏ်ရာရထား

၉ ဇန်နဝါရီ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တဲ့အတွက် လူပေါင်း ၄၀ နီးပါး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်သတင်းဌာန Arakan Princess Media က ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၁ နာရီက စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက် ဗုံးကြဲချသွားတာ ဖြစ်ပြီးအစောပိုင်းသိရှိရသလောက် လူ ၄၀နီးပါးသေဆုံးပြီး လူ ၂၀နီးပါး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ ကျောက်နီမော်ရွာကို ဗုံးတွေကြဲချခဲ့တဲ့အတွက် တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅၀၀ လောက် မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ – Arakan Princess Media

ဆက်စပ် သတင်းများ

Most read