Homeပြည်တွင်းသတင်းကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှု လူသားချင်းစာနာထောက်ထားမှုကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာဖြစ်တယ်လို့ UNOCHA ဆို

ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှု လူသားချင်းစာနာထောက်ထားမှုကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာဖြစ်တယ်လို့ UNOCHA ဆို

၁၁ ဇန်နဝါရီ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲခံရမှုဖြစ်မှာ အရပ်သားသေဆုံးမှု သတင်း တွေကြောင့် လူသားချင်းစာနာထောက်ထားမှု ကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် အလွန်အမင်း စိုးရိမ် စရာဖြစ်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၁၀ ရက်နေ့က ထုန်ပြန်ထား ပါတယ်။

စစ်ကောင်စီက ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လေးဆယ်ကျော် သေဆုံးခဲ့သလို နေအိမ် ၅၀၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့တဲ့ပြီး ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား အရပ်သားပြည်သူတွေဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ကြုံတွေ့ နေရတယ်လို့ UNOCHA ဆိုထားပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့အညီ လိုက်နာဖို့၊ အရပ်သားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီတွေကို အတားအဆီးမဲ့ ထောက်ပံ့ပေးနိုင်ရေး အာမခံဖို့တွေကို ထပ်လောင်း တောင်းဆိုကြောင်း ကြေညာချက်မှာပါရှိပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဖြစ်စဉ်အတွင်း နေအိမ်ပေါင်း (၃၉၈) လုံး မီး လောင်ပျက်စီးခဲ့ကြောင်းနဲ့ လက်တလောပြုစုနေတဲ့ စာရင်းအရ သေဆုံးသူ (၂၆) ဦး ၊ အလတ်စား ပြင်းထန် ဒဏ်ရာရသူ (၁၂) ဦး နဲ့ အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေတဲ့ သူတွေရှိနေသေးတာကြောင့် သေဆုံး ဒဏ်ရာရရသူ အရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့လည်း AA ရဲ့စာရင်းတွေအရ သိရပါတယ်။

Photo- AA Info Desk

ဆက်စပ် သတင်းများ

Most read