Homeပြည်တွင်းသတင်းကျောက်စိမ်းလုပ်ကွက်နွံကန်ပြိုကျမှုမှာ သေဆုံးသူတွေကို သင်္ဂြုလ်

ကျောက်စိမ်းလုပ်ကွက်နွံကန်ပြိုကျမှုမှာ သေဆုံးသူတွေကို သင်္ဂြုလ်

၁၆ ဇန်နဝါရီ၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုမှာ တူးဖော်တွေ့ရှိရတဲ့ ရုပ်အလောင်း ၃၁ လောင်းကို ဇန်နဝါရီလ ၁၆ ရက် ဒီနေ့မှာ သင်္ဂြုလ်မယ်လို့ သိရပါတယ်။

စပေါ့ကျေးရွာ ကျောက်စိမ်းတူးဖော်ရေးကနွံကန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီမှာ ပြိုကျပြီး စပေါ့ရွာအတွင်းက အိမ်ခြေ ၅၇ လုံး အိမ်ခေါင်မြုပ်တဲ့ထိ နစ်ခဲ့ပါတယ်။

လူအား စက်အားသုံးပြီး ဇန်နဝါရီ ၁၃ ရက် မနက်ကနေ ဇန်နဝါရ္ ၁၅ ရက် ညနေအထိ ရှာဖွေတဲ့အခါ လူ ၃၁ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိရတဲ့အလောင်းတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

သေဆုံးသူ ၁၀၀ ဝန်းကျင်ထိ ရှိနိုင်တယ်လို့ သိရပြီး တချို့က ၁၇၀ အထိ ရှိနိုင်ကြောင်း ပြောဆိုကြပါတယ်။ လက်ရှိမှာ ရွှံ့နွံဖုံးသွားတဲ့နေရာပေါ်မှာ ပြန်ပြီး ဖြတ်သန်းသွားလာခွင့်ပြုနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – နွံတောထဲနစ်မြုပ်နေတဲ့ အိမ်တွေကို မြင်ရစဉ်

ဓာတ်ပုံ – Screengrab from CJ

ဆက်စပ် သတင်းများ

Most read