Homeပြည်တွင်းသတင်းကျောက်ခက်ကို လူကုန်ကူးခံရသူ ၂၅၈ ယောက်ထဲက ၄၆ ယောက်ကိုပဲ သက်ဆိုင်ရာသံရုံးတွေကလာခေါ်သေး

ကျောက်ခက်ကို လူကုန်ကူးခံရသူ ၂၅၈ ယောက်ထဲက ၄၆ ယောက်ကိုပဲ သက်ဆိုင်ရာသံရုံးတွေကလာခေါ်သေး

၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က ကျောက်ခက်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကို လူကုန်ကူခံရတဲ့ ၂၅၈ ယောက်ကို DKBA က ထိုင်းဘက်ကို လွဲပြောင်းပေးခဲ့ပေမယ့် အခုချိန်အထိ လူကုန်ကူးခံရသူ ၄၆ ယောက်ကိုပဲ သက်ဆိုင်ရာ သံရုံးတွေက ချိတ်ဆက်ခေါ်ဆောင်သေးတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

လူကုန်ကူးခံရသူတွေကို မဲဆောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတခုမှာ ယာယီထားရှိတာဖြစ်ပြီး သံရုံးတွေက ချိတ်ဆက်ခေါ်ဆောင်နေကြတာဖြစ်ပါတယ်။

အခုချိန်အထိတော့ အိန္ဒိယသံရုံးနဲ့ သီရိလင်္ကာသံရုံးတွေက ၁ ယောက်စီ၊ ဖိလစ်ပိုင်သံရုံးက ၁၆ ယောက်၊ ထိုင်ဝမ်က ၅ ယောက်၊ကမ္ဘောဒီးယားသံရုံးက ၁ယောက်တို့ကို ဒီနေ့မှာ အသီးသီးချိတ်ဆက်ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ နီပေါ၊ ကင်ညာ၊ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီ လာအို၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယား စတဲ့ နိုင်ငံက နိုင်ငံသားတွေ ပါဝင်ပါတယ်။

Photo – The reporters

ဆက်စပ် သတင်းများ

Most read