Homeပြည်တွင်းသတင်းကျောက်ကြီးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ဗုံးကြဲ

ကျောက်ကြီးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ဗုံးကြဲ

၆ ဖေဖော်ဝါရီ၊ ၂၀၂၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ ကျေးရွာလူနေအိမ်တွေကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ဗုံးကြဲပစ်ခတ်တာကြောင့် အသက်မပြည့်သေးတဲ့မိန်းကလေး တစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းက ကညင်ကျိုးကျေးရွာကို ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၅၂ နှစ်အရွယ် ဒေါ်ကြူကြူ ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်မှာ အလှိုင်ကျေးရွာကို ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ မီးလောင်ဗုံးတွေပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မစုမွန် ထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ ခလရ ၂၆၄ တပ်ရင်းက တောင်ခင်ကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သက်တော် ၆၀ နှစ်ရှိ ဥူးဇင်းဥက္ကံသ ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – KNU

ဆက်စပ် သတင်းများ

Most read