တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ၃ လကျော် ထိုးစစ်ဆင်ရာကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ မနေ့က ဇူလိုင် ၂၄ ရက်မှာ စစ်ကောင်စီဘက် သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ KNU ပူးပေါင်းတပ်တွေဟာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိက အချက်အချာကျတဲ့ အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့တွေကို အပြီးပိုင်သိမ်းပိုက်နိုင်ဖို့အတွက် လမ်းကြောင်း ၅ ကြောင်းကနေ ဝင်ရောက်လာပြီး အ ပြင်းအထန်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။
တိုက်ပွဲကာလ ၃ လကျော်အတွင်း တိုက် ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ်ပေါင်း ၉၀ နီး ပါးဖြစ်ပွားခဲ့ပြီးနောက် မနေ့က ဇူလိုင် ၂၄ ရက်မှာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် စစ်ကောင်စီက ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ကကျေးရွာတွေကိုသာပြန်လည် ထိန်းချုပ်နိုင်ပေမယ့် အတွင်းပိုင်းရွာတွေဘက်မှာတော့ ထိန်းချုပ်လို့ မရနိုင်သေးဘူးလို့ KNU စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးတာများ ပြားနေပြီး ၊ မိုးရွာသွန်းမှုများကြောင့် တိုက်ပွဲဖော်ဆောင်ရာမှာ အခက်အခဲတွေရှိနေတာကြောင့်လို့ ဆိုထားပါတယ်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတလျှောက်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ဗိုလ်ဘိဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ အကူအညီရယူပြီးမြေပြင်ကနေစစ်ကြောင်းထိုးတာတွေသာမက လက်နက်ကြီးပစ်ကူပေးတာလေ ကြောင်းနဲ့ စစ်သင်္ဘောကနေ ပစ်ကူပေးတာတွေလည်းစတဲ့ အင်အားအလွန် အကျွံသုံးပြီး တိုက်ခိုက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်


