Homeပြည်တွင်းသတင်းကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြီး အမြင့်ကပြုတ်ကျ ၊ ထောင်တွင်း ဆန္ဒပြနေပြီဆိုတဲ့ သတင်းမှာ မမှန်ကန်ကြောင်း PPNM အသိပေး

ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦး ဓာတ်လိုက်ပြီး အမြင့်ကပြုတ်ကျ ၊ ထောင်တွင်း ဆန္ဒပြနေပြီဆိုတဲ့ သတင်းမှာ မမှန်ကန်ကြောင်း PPNM အသိပေး

၁၃ ဇွန်၊ ၂၀၂၄

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတစ်ဦးကို အမျိုး သမီးဆောင် သွပ်ကာခိုင်းချိန် ဓာတ်လိုက်ပြီး ပေ ၂၀ ကျော် အမြင့်က ပြုတ်ကျခဲ့ပြီး အသက် အန္တရာယ်စိုး ရိမ်ရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ ရက် ညနေ ၅ နာရီကျော်က ကျိုက်မရောအကျဉ်းထောင် အာဏာပိုင်တွေဟာ အကျဉ်းသား တွေကို အမျိုးသမီးဆောင်နဲ့ အမျိုးသားဆောင်အကြား သွပ်ကာခိုင်းချိန်မှာ အကျဉ်းသားတစ်ဦး ဓာတ်လိုက် ပြီး အမြင့်ပေ ၂၀ကျော်က ပြုတ်ကျခဲ့ပါတယ်။

အမြင့်က ပြုတ်ကျခဲ့တယ်ဆိုတဲ့ အကျဉ်းသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ပြီး ကုသနေတယ်လို့ သိရပါတယ်။ မိန်းကလေးဆောင်ဟာ တခြားအဆောင်တွေနဲ့ စကားပြောလို့ရနေတယ် ဆိုတဲ့အကြောင်းပြ ချက်နဲ့ ထောင်အာဏာပိုင်တွေက အုတ်တံတိုင်းကို သွပ်ပြားတွေနဲ့ ကာခိုင်းချိန်မှာ ဝရိန်ဆော်တဲ့ အကျဉ်း သားဟာ ဓာတ်လိုက်ပြီး အပေါ်က ပြုတ်ကျတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေဟာ Safely Equipment တွေ ဝတ်ဆင် စေခြင်း ၊ စီမံခြင်းမရှိဘဲ အကျဉ်းသားတွေဟာ ဒီလို အန္တရာယ်မကင်းတဲ့ အလုပ်တွေကို လုပ်အားခမရဘဲ လုပ်နေကြရပါတယ်။

ထောင်တွင်းဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် PPNM က ဒီနေ့ နေ့လည်က ထုတ်ပြန်ကြေညာချက်မှာ ထောင်တွင်းဆန္ဒပြမှုအထိ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပြုတ်ကျတဲ့အကျဉ်းသားကို ဆေး ရုံအမြန်ပို့ပေးရန် ဝိုင်းဝန်းအော်ဟစ်ကြတာသာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦး အမြင့်မှ ပြုတ်ကျပြီး ထောင်တွင်းဆန္ဒပြမှုတွေ ဖြစ် ပေါ်နေတယ်လို့ ကောလဟလ သတင်းတွေ ထွက်ပေါ်နေပြီး ကျိုက်မရော အကျဉ်းထောင်ဟာ နဂိုထဲက နိုင်ငံရေးအကျဉ်းသား‌တွေ အပါအဝင် အကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

မကြာသေးမီက နိုင်ငံရေးအကျဥ်းသားတချို့ကို တရားမဝင်ပစ္စည်းမိတယ်ဆိုပြီး တိုက်ပိတ် ခြေကျင်း ဒေါက်ထည့် အမှုထပ်တိုးခဲ့တယ်လို့ လည်းသိရပါတယ်။

ထောင်တွင်း ဒရုန်းမလာနိုင်အောင် ဂျန်မာတွေ တပ်ဆင်ထားတဲ့အတွက် ဂျန်မာလှိုင်းတွေကြောင့် အကျဉ်း သားတွေ ညဘက်အိပ်စက်အနားယူဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

photo-PPNM

ဆက်စပ် သတင်းများ

Most read