မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ထောင်ထားတဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး၊ သက် ဆိုင်ရာကို အသိပေးထားပြီး စုံစမ်းဖော် ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ မွန် ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဌကပြောဆိုပါတယ်။
စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ထဲက နေရာစုံမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှု အား နည်းနေတဲ့အပြင် ရေးမြို့နယ်လိုနေရာမျိုးက ကိုယ်စားလှယ်လောင်းတွေဟာ လုံခြုံရေးအရ မော်လမြိုင်မြို့ပေါ်ကို တက်ပြီးနေ နေရတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။
အခုလို ရွေးကောက်ပွဲဆိုင်းဘုတ် ဖျက် ဆီးခံရတာဟာလည်း မွန်ပြည်နယ်ထဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးပါတီတွေဟာ ကိုယ်စား လှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေကို ဈေးအပေါဆုံးပစ္စည်းတွေနဲ့သာ လုပ် ဆောင်ထားတာတွေ့ရပါတယ်။
“ပြည်ခိုင်ဖြိုးလိုပါတီက လွဲလို အခြားပါတီတွေက မရမတိုင်လို သစ်အပေါစားတွေနဲ့ အဆင်ပြေသလို လုပ်ထားကြတယ်။ ဒေသအခြေစိုက် မွန်ပါတီလိုဟာမျိုးတောင် အဆင်ပြေသလို လုပ်ထားတာတွေရှိတယ်”လို့ မော်လမြိုင်ဒေသခံတဦးက ဆိုပါတယ်။
ဒါအပြင် မဲဆွယ်အောင်နိုင်ရေးအတွက် စရတ ၊ နယ်မြေခံရဲ၊ စစ်တပ်က လုံခြုံ ရေးယူပေးနေရတဲ့ အဆင့်အထိ စိုးရိမ်မှုကြားထဲကနေမဲ့ဆွယ်နေကြရတယ်လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း တစ်ဦးအပါအဝင် နိုင်ငံ ရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အုပ် ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာ ရင်းပါ စာရွက်ကို ဆုတ်ဖြဲခဲ့တယ်လို့ဆိုကာ အမျိုးသားတစ်ဦးကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်ပြီး မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။
ဓာတ်ပုံ-CJ


