Homeပြည်တွင်းသတင်းကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဝေဟင်/မြေပြင် တိုက်ခိုက်

ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဝေဟင်/မြေပြင် တိုက်ခိုက်

၂၀ ဩဂုတ်၂၀၂၅

စစ်ကော်မရှင် လေတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းကကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝေဟင်/မြေပြင် တိုက် ခိုက်တာကြောင့် ဒေသခံ ၁ ဦး အသက်ဆုံးရှုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာဒေသခံ ပြည်သူပိုင်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဆီကနေ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ကော်မရှင်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဖြစ်ပြီးပြည်သူလူထုတွေအပေါ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လေကြောင်းကနေ ဗုံးကြံတိုက်ခိုက်တာအပြင် လက်နက် ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လ ၉ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု ပိန္နဲကုန်းရွာအတွင်းကိုလေယာဥ် yak-130 နဲ့ ဗုံးသီး တလုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ နေအိမ် ၅ လုံးအပြင် အိမ်သုံးကား ၃ စီးဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးပြီး ၁ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဩဂုတ်လ ၁၁ရက် မှာလည်းကျောက်လုံးကြီးကျေးရွာအုပ်စု ဝင်းသောင်ရွာနဲ့ ကျောက်ပုံရွာအကြား တိုက် ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကဒေသခံပြည်သူနေထိုင်တဲ့ ကျေးရွာအတွင်းကို လက်နက်ကြီး ၁၂၀ မမ တလုံးပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ‌တွေရဲ့လုပ်ငန်းခွင်အ တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၁ ရက် တရက်တည်းမှာဘဲတိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကော်မရှင်တပ် ခလရ ၈ နဲ့ ခမရ ၃ ပူးပေါင်းတပ်ဖွဲ့က ချောင်းပြန့်ကျေးရွာအတွင်းကို ဝင်ရောက်ပြီး လက်နက်ငယ်‌တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် နော်ပန်းကြည် ၅၀နှစ်ရဲ့ဘယ်နောက်ကျောထိမှန် ဒဏ်ရာရရှိကာ သထုံမြို့ဆေးရုံသို့ ဆေးကုသခံယူနေရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး