Homeပြည်တွင်းသတင်းကျားဖြန်လုပ်ငန်းတွေကရရှိတဲ့အမြတ်ငွေတွေကို ရန်ပုံငွေအဖြစ်အသုံးပြုခဲ့တယ်ဆိုတာမဟုတ်မှန်ကြောင်း ရိုးမဘဏ် Founder ဦးသိမ်းဝေ ငြင်းဆို

ကျားဖြန်လုပ်ငန်းတွေကရရှိတဲ့အမြတ်ငွေတွေကို ရန်ပုံငွေအဖြစ်အသုံးပြုခဲ့တယ်ဆိုတာမဟုတ်မှန်ကြောင်း ရိုးမဘဏ် Founder ဦးသိမ်းဝေ ငြင်းဆို

၁၉ ဩဂုတ်၊ ၂၀၂၄

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကရရှိတဲ့အမြတ်ငွေတွေကို ရန်ပုံငွေအဖြစ်အသုံးပြုခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ရိုးမဘဏ်တည်ထောင်သူ ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းက ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဦးသိမ်းဝေအပါအဝင် Yoma Strategic Holdings Ltd အမှုဆောင်တွေဟာ ရိုးမဘဏ်ကနေတဆင့် ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူသူမြန်မာနိုင်ငံသားတွေကို အိမ်ရာချေးငွေထုတ်ပေးခဲ့တာဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တာဖြစ်တယ်လို့ဆိုပြီး စစ်ကောင်စီကဖမ်းဆီးထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဦးသိမ်းဝေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရခြင်းမရှိဘူးလို့ သူ့ရဲ့သားဖြစ်သူ မဲလ်ပန်းက ငြင်းဆိုထားပြီး ပြီးခဲ့တဲ့လမှာတော့ ဦးသိမ်းဝေက ရိုးမဘဏ်ရဲ့အမှုဆောင်အရာရရှိရာထူးကနေအနားယူခဲ့ကာ သူ့ရဲ့သားဖြစ်သူ မဲလ်ပန်းက ဆက်လက်တာဝန်ယူထားပါတယ်။

ဦးသိမ်းဝေရဲ့လုပ်ငန်း ၂ ခုဖြစ်တဲ့ စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings Ltd နဲ့ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment Co. Ltd. (FMI) တို့ကနေတဆင့် ဘဏ္ဍာရေး၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ၊ ကုန်သွယ်ရေး၊ အစားအစာနဲ့ယမကာ စတဲ့ လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာ KFC လုပ်ငန်းခွဲလုပ်ကိုင်ခွင့်လည်း ရရှိထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဧရာ၀တီသတင်းဌာနမှာ ဩဂုတ်လ ၁၆ ရက်ကတက်လာတဲ့ ဆောင်းပါး ၁ ပုဒ်ဟာ မမှန်ကန်ဘဲ အဓိပ္ပါယ်လွဲမှားအောင်ရေးသားထားတဲ့အတွက် တရားစွဲဖို့ ဥပဒေအကြံဉာဏ်ယူနေတယ်လို့လည်း ရိုးမဘဏ်ကနေ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read