Homeပြည်တွင်းသတင်းကျားဖြန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို တရုတ်အစိုးရထံ ထိုင်း လွှဲပြောင်း

ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို တရုတ်အစိုးရထံ ထိုင်း လွှဲပြောင်း

၁၂ နိုဝင်ဘာ ၂၀၂၅

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်း ဆောင် စောချစ်သူရဲ့ စီးပွားရေး မိတ်ဖက် ရွှေကုက္ကိုလ် ရထိုက် မြို့သစ်တည် ထောင်သူ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ တရုတ်အစိုးရထံ ထိုင်းလွှဲပြောင်းပေး အပ်မှာဖြစ်တယ်လို့ ထိုင်းမီဒီယာတခုဖြစ်တဲ့ The Reporters သတင်းရဲ့ဖော်ပြ ချက်အရ သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထိုင်း အယူခံတရားရုံးက ရက်ပေါင်း ၉၀ အ တွင်း တရုတ်ကို လွှဲပြောင်းသွားမယ်လို့ အမိန့်ချမှတ်အပြီး ဒီကနေ့မှာ ချက်ချင်းလွှဲပြောင်းလိုက်တာဖြစ်ပါတယ်။

ရှီကျီကျန်းဟာတရုတ်နိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေထူထောင်ထားတာကြောင့်ထွက်ပြေးလာရပြီး ကမ္ဘောဒီယားနိုင်ငံ သားအဖြစ်ခံယူထားသူဖြစ်ပြီး၊ ထိုင်းအစိုးရက အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေနဲ့ လောင်းကစားမှုတွေကြောင့်ထိုင်း အ စိုးရက ဖမ်းဆီးထားတာဖြစ်ပါတယ်။

သူကို တရုတ်အစိုးရက ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ဗန်ကောက်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ နိုဝင်ဘာလကတည်းက လွှဲ ပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုနှစ် အောက်တိုဘာလမှာတော့ ရှီကျီကျန်းကို တရုတ်အစိုးရထံ လွှဲပြောင်းပေးဖို့ ထိုင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ လက်ကိုင်တုတ်ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုကိုလည်း တရုတ်အစိုးရ က အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်မှုအပါ လူကုန်ကူးမှု ၊ အဓမ္မခိုင်းစေမှု၊ လူသတ်မှုတွေ နဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ-The Reporters

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး