Homeပြည်တွင်းသတင်းကျားဖြန့်ဂိုဏ်းခေါင်းဆောင်ကို တရုတ်အစိုးရထံ ရက်ပေါင်း ၉၀ အတွင်း လွှဲ ပြောင်းမယ်

ကျားဖြန့်ဂိုဏ်းခေါင်းဆောင်ကို တရုတ်အစိုးရထံ ရက်ပေါင်း ၉၀ အတွင်း လွှဲ ပြောင်းမယ်

၁၁ နိုဝင်ဘာ ၂၀၂၅

ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို တရုတ်အစိုးရထံ ရက်ပေါင်း ၉၀ အတွင်း လွှဲပြောင်းသွားမှာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထိုင်း အယူခံတရားရုံးက ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ရှီကျီကျန်းဟာ ကရင်နယ်ခြားစောင့် တပ် BGF ခေါင်းဆောင် စောချစ်သူရဲ့ စီးပွား ရေး မိတ်ဖက် ရွှေကုက္ကို ရထိုက် မြို့သစ်တည်ထောင်သူဖြစ်ပြီးတော့ လတ်‌တလော ထိုင်းအကျဉ်းထောင်ထဲမှာဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

ရှီကျီကျန်းဟာတရုတ်နိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေထူထောင်ထားတာကြောင့်ထွက်ပြေးလာရပြီး ကမ္ဘောဒီယားနိုင်ငံ သားအဖြစ်ခံယူထားသူဖြစ်ပြီး၊ ထိုင်းအစိုးရက အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေနဲ့ လောင်းကစားမှုတွေကြောင့်ထိုင်း အ စိုးရက ဖမ်းဆီးထားတာဖြစ်ပါတယ်။

သူကို တရုတ်အစိုးရက ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ဗန်ကေုက်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ နိုဝင်ဘာလကတည်းက လွှဲ ပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုနှစ် အောက်တိုဘာလမှာတော့ ရှီကျီကျန်းကို တရုတ်အစိုးရထံ လွှဲပြောင်းပေးဖို့ ထိုင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ လက်ကိုင်တုတ်ကိုးကန့် ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုကိုလည်း တရုတ်အစိုးရ က အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်မှုအပါ လူကုန်ကူးမှု ၊ အဓမ္မခိုင်းစေမှု၊ လူသတ်မှုတွေ နဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး