Homeနိုင်ငံတကာသတင်းကျန်ရှိတဲ့ အစ္စရေး ဓါးစာခံ ၂၀ ကို ဟားမတ်စ်ပြန်လွှတ်ပြီ

ကျန်ရှိတဲ့ အစ္စရေး ဓါးစာခံ ၂၀ ကို ဟားမတ်စ်ပြန်လွှတ်ပြီ

၁၃ အောက်တိုဘာ ၂၀၂၅

ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ နောက်ဆုံးကျန်ရှိတဲ့ အစ္စရေး ဓါးစာခံ အယောက် ၂၀ ကို ဒီနေ့ တင်္နလာနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး နယ်စပ်ကို ဟားမားစ်က စီးနင်း တိုက်ခိုက်ခဲ့ချိန်မှာ လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ရာနဲ့ချီတဲ့ ဓါးစာခံတွေကိုလည်း ဂါဇာပိုင်နက်ထဲ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို လက်ခံခဲ့တဲ့နောက် ဟားမားစ်ဟာ နောက်ဆုံးလက်ကျန် ဓါးစာခံတွေကိုရော၊ သူတို့လက်ထဲမှာ သေဆုံးခဲ့တဲ့ ဓားစာခံ ရုပ်အလောင်းတွေကိုပါ ပြန်လွှဲပေးဖို့ သဘောတူခဲ့တာပါ။

ဓါတ်ပုံ – Reuters: Dawoud Abu Alkas

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး