Homeပြည်တွင်းသတင်းကော့သောင်း- ရနောင်း နယ်စပ်ဖြတ်ကူးဂိတ်မှာ အသက် ၁၈နှစ် က ၃၅ နှစ်ကြား မြန်မာနိုင်ငံသား တွေကို နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်

ကော့သောင်း- ရနောင်း နယ်စပ်ဖြတ်ကူးဂိတ်မှာ အသက် ၁၈နှစ် က ၃၅ နှစ်ကြား မြန်မာနိုင်ငံသား တွေကို နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်

၂ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာလ ၂ ရက် ဒီနေ့ကစပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့က ထိုင်းနိုင်ငံ ရနောင်းမြို့ကို နယ် စပ်ဖြတ်ကျော်မဲ့ အသက် ၁၈ နှစ်က ၃၅ နှစ်အတွင်း မြန်မာနိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်လိုက်ပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့်ကတ်တွေကို ပိတ်လိုက်တာ ဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ တွေနဲ့ ဗီဇာသက်တမ်းရှိပြီးသားလူတွေကို ပတ်စ်ပို့စာအုပ်နဲ့ထွက်ခွာတာကိုတော့ ပိတ်ပင်ခြင်း မရှိသေးဘူးလို့ မြန်မာလူဝင်မှုကြီးကြပ်ရေးက သတင်းတွေအရ သိရပါတယ်။

ကော့သောင်းက ရနောင်းကို စက်လှေနဲ့ ဖြတ်ကူးရတာ ဖြစ်ပါတယ်။ ရနောင်းကတဆင့် ထိုင်းနို င်ငံထဲကို သွားပြီး အလုပ်လုပ်ကိုင်ဖို့ နယ်စပ်လဝက ဂိတ်တွေမှာ လာပြီး တန်းစီသူတွေ အများကြီး ရှိနေပြီး စစ်ကောင်စီဘက်က ဒီမနက်ကစပြီး ပိတ်ပင်တာကြောင့် ပြန်သွားကြတယ်လို့ ကော့သောင်း မြို့ခံတစ်ဦးက ဆိုပါတယ်။

“မနေ့ကတင် ကော့သောင်း က ရနောင်းကို ယောကျာ်းလေးတွေ ကူးလို့ရသေးတယ်၊ အခု ပိတ်တာ စစ်မှုထမ်း ဥပဒေကြောင့် ပိတ်တာ ဖြစ်မယ်၊ မိန်းကလေးတွေတော့ ကူးနေတုန်းပဲ၊ တကယ်တမ်း ထိုင်းအလုပ်လုပ်မယ့်သူက တရားဝင်မသွားရလည်း ခိုးပြီး သွားမှာပဲ၊ ဒီကော့သောင်းကို နောက်ဆုံး ပိတ်လည်း မောတောင်ပရာကျွတ်ဘက်ကနေ သွားလို့ရနေသေးတယ်၊ အဲ့ဘက်တော့ ပိတ်တယ် မကြားသေးဘူး” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပိတ်ပင်တာက အမျိုးသားတွေကိုပဲပိတ်တာ ဖြစ်ပြီး အမျိုးသမီးတွေကိုတော့ အသက်မရွေး သွားခွင့်ပေးနေတယ်လို့ သိရပါတယ်။

ပုံစာ- (ကော့သောင်းမှ တဖက်ကမ်းကူးတဲ့လှေဆိပ်)
Photo – ခရီးသွားလူမှုကွန်ယက်

ဆက်စပ် သတင်းများ

Most read