Homeပြည်တွင်းသတင်းကော့သောင်းမြို့မှာ ဘုရားပေါ်အရက်သောက်သူကို ဟန့်တားခဲ့တဲ့ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်တော်မူ

ကော့သောင်းမြို့မှာ ဘုရားပေါ်အရက်သောက်သူကို ဟန့်တားခဲ့တဲ့ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်တော်မူ

၁၀ ဒီဇင်ဘာ ၂၀၂၅

ကော့သောင်းမြို့နယ်၊ စူငယ်ဘာလှိုင်ကျေးရွာအုပ်စု ၊မကြုံဂလက်ကျေးရွာမှာ ဘုရားပေါ်အရက်သောက်သူကို ဟန့်တားခဲ့တဲ့ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ပျံလွန်တော်မူတဲ့ ဆရာတော်ဟာ အောင်ခေမာကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့

ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတ ဆိုဟူဖြစ်ပြီး၊ သက်တော် ၃၈နှစ် သိက္ခာတော်

၁၅ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ လှေနစ်မြုပ်တဲ့ကိစ္စတခုနဲ့ လှေဆယ်ဖို့ ရောက်ရှိနေတဲ့ အသက် ၂၅ နှစ်ရွယ် ရေလုပ်သားဖြစ်သူက ကျောင်းမှာထမင်းဟင်းလာရောက်စားသောက်ရင်းစေတီရင်ပြင်ပေါ်မှာအရက် သေစာသောက်စားတာကို တားမြစ်ပြော ဆိုရာကနေ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။

ဆရာတော်ရဲ့ တားမြစ်ပြောဆိုမှုကို မကျေနပ်တဲ့ အဲ့ဒီ ရေလုပ်သားဟာ ကပ္ပိယကျောင်းသား ရွာတွင်းသို့သွားချိန် ကျောင်းပေါ်တက်ကာဆရာတော်ရဲ့ ဦးခေါင်းကို ကြေးစည်တီးတဲ့ သစ်သားတုတ်(တင်းပုတ်)နဲ့ ရိုက်နှက်ခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်

ပြစ်မှုကျူးလွန်သူကို အဲဒီနေ့ ဒီဇင်ဘာလ ညနေပိုင်းအချိန်မှာဘဲ ရွာသူ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဆီကို အပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး