Homeပြည်တွင်းသတင်းကော့မှူးမဲဆန္ဒနယ်က မဲရုံတွေမှာ မဲပေးသူမရှိသလောက်ခြောက်ကပ်ခဲ့

ကော့မှူးမဲဆန္ဒနယ်က မဲရုံတွေမှာ မဲပေးသူမရှိသလောက်ခြောက်ကပ်ခဲ့

၁၂ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ မနေ့က ဇန်နဝါရီ ၁၁ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း၂ မှာ မဲလာရောက်ပေးတဲ့သူ ခြောက်ကပ်နေခဲ့ပါတယ်။

အဲ့ဒီကော့မှူးမဲဆန္ဒနယ်မြေဟာ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေတစ်ခုဖြစ်ခဲ့ပြီး၊ လက်ရှိ အဲဒီမဲဆန္ဒနယ်မြေမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ဒေါ် သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ နဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြတာပါ။

“ကော့မှူးမှာက ဖွင့်ထားတဲ့မဲရုံတွေက ခြောက်ကပ်နေတာဘဲ။ မဲပေးတဲ့သူတော်တော်နည်းတယ်။ မဲပဖို့လည်း စိတ်မဝင် စားကြသလို မဲစာရင်းလာကြည့်သူလည်း နည်းတယ်။ သူရွာအလိုက်မဲရုံတွေမှာ ဒီလိုဘဲ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြီးသွားတာပါ”လို့ကော့မှူးဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒါအပြင့် သတင်းလာရောက်ယူတဲ့ သတင်းသမားတွေကိုလည်း မဲရုံပရဝဏ်မဟုတ်တဲ့ မဲရုံပြင်ပကတောင် ဓာတ်ပုံပေးမရိုက်တာကြောင့် အချို့သတင်းသမားတွေ အစောကြီးပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

ကော့မှူးမဲဆန္ဒနယ်ဟာ စစ်ကော်မရှင်ဦးဆောင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲရဲ့ အပိုင်း ၂ မှာပါဝင်လာတာဖြစ်ပါတယ်။

ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားပုဒ်မတွေနဲ့ စွပ်စွဲပြီး ထောင်တွင်းအကျဉ်းချခံနေရတာဟာ ဇန်နဝါရီ ၁၁ ရက်မှာ ရက်ပေါင်း ၁,၈၀၆ ရက်ရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး