Homeပြည်တွင်းသတင်းကော့စမွေကျွန်း မြေပြိုကျမှုမှာ မြန်မာအလုပ်သမားနှစ်ဦးသေဆုံး

ကော့စမွေကျွန်း မြေပြိုကျမှုမှာ မြန်မာအလုပ်သမားနှစ်ဦးသေဆုံး

၁၆ ဒီဇင်ဘာ၊ ၂၀၂၄

ကော့စမွေကျွန်း၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းမှာ မြေပြိုကျပြီး ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဖြစ်တဲ့ အောင်ကိုကို(၁၉နှစ်)နဲ့ မိုးစက်(၃၉နှစ်) တို့ရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြပါတယ်။

ရုပ်အလောင်းတွေကို သူတို့နေထိုင်ရာအလုပ်သမားစခန်းရဲ့ ဆယ်မီတာအကွာမှာ ပြန်လည် ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ပြီး သူတို့ကို ရှာဖွေရာမှာ လုပ်ဖော်ကိုင်ဖက် လုပ်သား ၂၀ကျော်ကလည်း ကူပြီး ရှာဖွေခဲ့ပါတယ်။

မျက်မြင်သက်သေပြောဆိုမှုတွေအရ မနက် ၄ နာရီခွဲဝန်းကျင်မှာ မြေပြိုမှု ၂ ကြိမ်ဖြစ်ပွားပြီး မနက် ၅ နာရီ၄၀မှာ အလုပ်သမားတွေ အိပ်ပျော်နေတဲ့ အိပ်ဆောင်သုံးခု လျှောပြီး နစ်မြစ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး နုန်းမြေတွေနဲ့ ပြည့်နှက်နေတာကြောင့် တောင်စောင်းတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး မြေပြိုကျမှုတွေအတွက် သတိပေးထားပါတယ်။ ဒေသအာဏာပိုင်တွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ပြီးမစတင်ခင် စစ်ဆေးဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ ကော့စမွေမှာ မြေပြိုမှု အန္တရာယ်သတိပေးချက်တွေကို ဒီဇင်ဘာလ ၁၄ ရက်က ထုတ်ပြန်ပြီးနောက်တစ်ရက်မှာ ပြိုကျခဲ့ခြင်းဖြစ်ပါတယ်။

Photo – Khaosod

ဆက်စပ် သတင်းများ

Most read