Homeပြည်တွင်းသတင်းကော့စမွေကျွန်းက လက်သည်းအလှပြင်လုပ်ငန်းက မြန်မာလုပ်သား ၅ ဦး ဖမ်းဆီးခံရ

ကော့စမွေကျွန်းက လက်သည်းအလှပြင်လုပ်ငန်းက မြန်မာလုပ်သား ၅ ဦး ဖမ်းဆီးခံရ

၁၀ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းမှာ လက်သည်းအလှပြင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာလုပ်သား အမျိုးသမီး ၅ ဦးကို ထိုင်းခရီးသွားလုပ်ငန်းရဲဌာနက နိုဝင်ဘာ ၈ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေကို လက်သည်းအလှပြုပြင်ပေးတာ၊ဆံပင်ညှပ်တာနဲ့ မိတ်ကပ်ပြင်ပေးတာ စတဲ့လုပ်ငန်းမျိုးကို ထိုင်းနိုင်ငံသားတွေကပဲ လုပ်ပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

မပွင့်(တားမြစ်ထားတဲ့အလုပ်လုပ်ကိုင်မှု၊ အလှပြင်/ဆံပင်ညှပ်) မဇဝါ(နိုင်ငံတွင်းတရားမဝင်ဝင်ရောက်မှု)၊ မမော်(ရက်ကျော်နေထိုင်မှု)၊ မဝင်း(တားမြစ်အလုပ်လုပ်ကိုင်မှု၊ လက်သည်းအလှပြင်)၊ မခင်(တားမြစ်အလုပ်လုပ်ကိုင်မှု၊ လက်သည်းအလှပြင်) တို့ကို ထိုင်းခရီးသွားရဲတပ်ဖွဲ့ဝင်တွေက ထိုင်းလူမျိုးမဟုတ်မှန်း သတိပြုမိတဲ့အတွက် ဖမ်းဆီးပြီး ဘိုဖတ်ရဲခစန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

နိုဝင်ဘာလ ၈ ရက်က ၁၄ ရက်အထိ ခရီးသွားရဲ၊ လူဝင်မှုကြီးကြပ်ရေးရဲနဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဖမ်းဆီးအရေးယူဖို့ ရဲချုပ် Kitt-rat Panphetchက ညွှန်ကြားထားပါတယ်။

Photo – khaosod

ဆက်စပ် သတင်းများ

Most read