ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်သိမ်းပိုက်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဒီကနေ့ စက်တင်ဘာ မနက်ပိုင်းမှာ လေ့ကေ့ကော်မြို့သစ်ဘက်ကို လက်နင်ကြီးတွေနဲ့ဆက်တိုက်ပစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။
အဲဒီဖြစ်ခတ်မှုကို မြဝတီမြို့စောင့်တပ် လို့ခေါ်တဲ့ခလရ ၂၇၅)တပ်ကနေပစ်ခတ်နေတာဖြစ်ပြီး၊ ရွေမြစန္ဒီကွက်သစ်ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
“အခုမြို့ပေါ်ကသူတွေ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်နေကြတယ်။ ကျောင်းသားမိဘတွေကျောင်းလဲမပို့ကြတော့ဘူး၊ တဖက်က ပြန်ပစ်တာဖြစ်ဖြစ် ၊ မြို့ပေါ်ကိုမတော်တဆ လက်နက်ကြီးကျလာမှာကိူ စိုးရိမ်ကြတာ။ အချို့မဲဆောက်ဘက်ယာယီရှောသ်ကြတာမျိုးတောင်ရှိနေတယ်”လို့ အဲဒီဒေသခံက ပြောပါတယ်။
ဒီလိုပစ်ခတ်တာကြောင့် တဖက် ထိုင်းငံ မဲဆောက်မြို့ဘက်အခြမ်းကပါ လက် နက်ကြီးကျရောက်ပေါက်ကွဲသံတွေကိုကြားနေရပြီး၊ ထိုင်းစစ်တပ်ကလည်း သောင်းရင်းမြစ်တလျှောက်လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ ၆ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနှဲ့သင်္ဃန်းညီနောင်ဗျူဟာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ မြဝတီဒေသရှိ ၎င်းတို့ ဆုံးရှုံးခဲ့ရတဲ့ စစ်စခန်းမတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဓာတ်ပုံ-လူမှုကွန်ယက်


