၈ စက်တင်ဘာ ၊၂၀၂၄
ကျိန္တလီဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်က တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ စစ်ရေးရှုံးနိမ့်လာသည့် စစ်ကောင်စီတပ်က ကုလားပြင်တံတားကို မိုင်းခွဲဖျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
ကျိန္တလီဒေသအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ရန်သူ သည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို ဆုတ်ခွာ သွားခဲ့ပြီဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်မှုမှာ ပါရှိပါတယ်။
အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နဲ့ ကံဂေါ်တောင် (ကံကော်တောင်)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းတွေ ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါတံတားကို ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုတွေကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
ပုံစာ – ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်စီးထားပုံ
Photo – AA Info Desk