Homeပြည်တွင်းသတင်းကုလသမဂ္ဂမြန်မာ့အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံညှိနှိုင်း

ကုလသမဂ္ဂမြန်မာ့အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံညှိနှိုင်း

၂၁ ဩဂုတ်၊ ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် Julie Bishop တို့ဟာ ဩဂုတ်လ ၂၀ ရက်မှာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးကို ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ တရုတ်သတင်းဌာန ရှင်ဟွာက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြုထားပြီး မြန်မာပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ Wang Yi က ကုလမြန်မာ့အရေးအထူးကိုယ်စားလှယ်ကို ပြောဆိုပါတယ်။ အာဆီယံရဲ့ အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် တရုတ်နိုင်ငံက ထောက်ခံတယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ မြန်မာ့အရေး အထူးကိုယ်စားလှယ် Julie Bishop ဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပြန်လည်ပြုပြင်ဖို့ ၊ တည်ငြိမ်အေးချမ်းဖို့ဆိုတဲ့ လေးနက်တဲ့တာဝန်ကို ထမ်းဆောင်နေရတာ တရုတ်နိုင်ငံက အသိအမှတ်ပြုကြောင်းနဲ့ ကိုယ်စားလှယ်ကို ကူညီပေးဖို့ အသင့်ဖြစ်နေတယ်လို့ Wang Yi က ဆိုပါတယ်။

မြန်မာနိုင်ငံအရေးကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့တို့နဲ့ ဒီထက်ပိုပြီး အားကောင်းတဲ့ ပူးပေါင်းမှု၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေနဲ့လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ကုလမြန်မာ့အရေးအထူးကိုယ်စားလှယ် Bishop က Wang Yi ကို ပြောဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read