Homeပြည်တွင်းသတင်းကုန်ပစ္စည်းတွေ တင်သွင်းခွင့်ပိတ်ပင်မှု မှောင်ခိုကုန်သွယ်ရေး ပိုကြီးထွားလာနိုင်

ကုန်ပစ္စည်းတွေ တင်သွင်းခွင့်ပိတ်ပင်မှု မှောင်ခိုကုန်သွယ်ရေး ပိုကြီးထွားလာနိုင်

၁၃ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်ရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကနေ လူသုံးကုန် ၊ စားသောက်ကုန် ၊လျှပ်စစ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအပါအဝင်ကုန်ပစ္စည်းအမျိုးပေါင်း ၃၅ မျိုးကို ပြည်ပကနေ တင်သွင်းခွင့် ယာယီပိတ်လိုက်တယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။

အခုလိုပိတ်ပင်မှုဟာ မြန်မာနိုင်ငံအတွက် ဒေါ်လာငွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်ပြီး ပိတ်ပင်လိုက်တာဖြစ်တယ်လို့ နားလည်ရပေမယ့် တဘက်မှာ မှောင်ခို ကုန်သွယ်ရေးကို ပိုမိုကြီးထွားလာစေနိုင်တယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကပြောပါတယ်။

“သူတို့ကတော့ ပြည်တွင်းမှာ ရနေတဲ့ ပစ္စည်းတွေကိုပဲ ဟို မဆလ ခေတ်ကလို သုံးပေါ့။ နိုင်ငံခြားကနေ ပစ္စည်းတွေ မှာသုံးတာ ဒေါ်လာနဲ့ ပေးချေရတော့ အဲ့တာတွေ မသွင်းရင် မပေးရဘူး နိုင်ငံခြားလိုငွေကို ဖြည့်ဖို့ ရည်ရွယ်တာပေါ့။ တဖက်မှာလည်း ပြည်တွင်း ထုတ်ကုန်တွေရဲ့ အရည်အသွေးက ပြည်ပကလာတာနဲ့ ကွာခြားကြတယ်လေ။ ဒီတော့ မဖြစ်ဖြစ်အောင်သွင်းရင်းနဲ့ပဲ မှောင်ခိုစျေးကွက်က ကြီးလာမှာပဲ။”လို့ ပြည်တွင်းက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်ကော်မရှင်က လူကြီးဒိုက်ဘာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လျှပ်စစ်စက်ဘီး၊ ဓါတ်ခဲ၊ တာယာ၊ ပရုတ်လုံး၊ ပလတ်စတစ်ခြင်း၊ ပုံး၊ ခွက်၊ အမွှေးတိုင်၊ ဘီစကစ်၊ ပဲငံပြာရည် စတာတွေ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး