တရုတ်အစိုးရက ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်အပါ ၄ ဦးကို ကျားဖြန့်လိမ် လည်မှုတွေနဲ့ တရားစွဲဆိုတဲ့လုပ်ငန်းစဉ်တွေ စတင်နေပြီဖြစ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားတဲ့အပေါ် China Daily သတင်းဌာနက ဖော်ပြထားပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းတွေကနေ ယွမ် ၂၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံ) လိမ်လည်ခဲ့တဲ့ ပြစ်မှုဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေဆန်း၊ စစ်တပ်ကျော ထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ် တော်ကိုယ်စားလှယ်ဟောင်း လျူကျန်ချိ (ခ) မောင်မောင် နဲ့ လောက်ကိုင်တွင် အချမ်းသာဆုံးသူ လျူကျန်းရှောင်တို့ ဖြစ် တယ်လို့ သတင်းက ဆိုထားပါတယ်။
တရားစွဲဆိုခံရသူ လျူကျန်ချိဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုးကန့်၊ကုန်ကြမ်း (၂) ရှမ်းပြည်နယ် လွှတ်တော်အမတ်ဖြစ်ကာ မြန်မာနာမည် ဦးမောင်မောင်ဖြစ်ပြီး၊ လျူ မိသားစုသည် လိမ်လည်မှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ လူကုန်ကူးမှု၊ ပြည့်တန် ဆာ စည်းရုံးမှု၊ မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုနဲ့ နယ်စပ်ဖြတ်ကျော် လူမှောင်ခိုမှုတို့နဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အဲဒီလိုဘဲ ဝေမိသားစုခေါင်းဆောင် ဝေဆန်းရဲ့ ထွက်ဆိုချက်အရ ၎င်းတို့ဟာ မြန်မာစစ်တပ် ခန့်အပ်ထားတဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင်ဖြစ်ပြီး လိမ် လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ တရားမဝင် ထိန်း သိမ်းမှု၊ ကာစီနိုဖွင့်မှု၊ ပြည့်တန်ဆာ စည်း ရုံးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူး ယစ်ဆေးဝါးသုံးစွဲသူတွေကိုခိုအောင်းခွင့်ပြုတာနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် စွဲချက်တွေနဲ့ရင်ဆိုင်နေရတာပါ။
သူတို့ ၄ ဦးဟာ ကိုးကန့်မှာ ဒါဇင်နဲ့ချီတဲ့တယ်လီကွန်း လိမ်လည်စင်တာတွေ တည်ထောင်ဖို့ ၎င်းတို့ရဲ့ သြဇာကို အသုံး ပြုကာ လိမ်လည်မှု၊ တရားမဝင် ထိန်း သိမ်းမှု၊ ငွေညှစ်မှု၊ ကာစီနို လည်ပတ်မှု၊ ပြည့်တန်ဆာ စည်းရုံးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စတဲ့ရာဇ၀တ်မှု တွေကိုကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။


