အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁-ကြိမ်မြောက်ရွေးကောက်ခံသမ္မတ အသစ် မစ္စတာ လီဂျဲမြောင်ထံကို ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်ပါတယ်။
သမိုင်းဝင်ကာလတစ်ခုအဖြစ် သတ်မှတ်နိုင်သော ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း ခေါင်းဆောင်ထွက်ပေါ်လာသူ လီဂျဲမြောင် သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်ခံရမှုအတွက် လေးစားဂုဏ်ပြုတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ခုလို သမ္မတအဖြစ် အောင်မြင်စွာရွေးကောက်ခံရမှုနဲ့အတူ ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ တန်ဖိုးများကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုရီးယားနိုင်ငံရှိ မြန်မာတွေရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို အားပေးလာမှုအတွက် ကျေးဇူးတင်ကြောင်း၊ ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအောင်မြင်မှုက မြန်မာနိုင်ငံအတွက် နမူနာဖြစ်ကြောင်း၊ မြန်မာပြည်သူများနဲ့ NUG ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံအားပေးမယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။