၁၂ ဇန်နဝါရီ၊ ၂၀၂၅
၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို မတိုင်ခင် ရန်ကုန်က မြို့နယ်တွေအတွင်းမှာရှိတဲ့ UG တွေကိုရှင်းလင်းဖို့ စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးထားတယ်လို့ အုပ်ချုပ်ရေး သတင်းရင်းမြစ်တွေ ဆီက
စစ်ခေါင်းဆောင်အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပသွားဖို့ စီစဉ်နေတာဖြစ်ပြီး ရွေးကောက်ပွဲ အနှောင့်အယှက်မဖြစ်စေဖို့ဆိုပြီး မြို့တွင်းမှာရှိနေတဲ့ UG တွေကိုရှင်းလင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် UG တွေကို ရှင်းလင်းဖို့ ထက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကိုယ့်ရဲ့ လုံခြုံ ရေးကိုတောင် ကိုယ်တိုင် တာဝန်မယူနိုင်ဖြစ်နေကြတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ UG တွေကတော့ သူတို့ကိ နှိမ်နှင်းမယ်ဆိုတာက ဖြစ်နိုင်မှာမဟုတ်ကြောင်းနဲ့ စစ်ကောင်စီ လုပ်ဆောင်မယ့် ရွေးကောက်ပွဲဖြစ်အောင် ထောက်ပံ့ပေးနေတဲ့ အဖွဲ့မှန်သမျှကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မယ်လို့ဆိုပါတယ်။
“စစ်တပ်က ပြည်သူတွေရဲ့ အခြေအနေမှန်ကို မသိဘူးဆိုတာ ကျွန်တော်တို့သိတယ် ဘာဖြစ် လို့လည်းဆိုတော့ ကျွန်တော်တို့မြို့ပြတော်လှန်ရေးအင်အားစုနဲ့ ပြည်သူက တသားထဲဖြစ်နေတယ်။ ကျွန်တော်တို့ကို ပြည်သူကပဲ ကာကွယ်ပေးနေတယ်။ ဒါကိုသူတို့မသိလို့ ရန်ကုန်မှာ UG တွေမရှိအောင် လုပ်မယ် ဆိုတဲ့စကား ရူးနေလို့ပြောတာပါ။”လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌကိုပီတာ က New Day Myanmar ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ခုလို ညွှန့်ကြားမှုတွေ ပြုလုပ်နေတာကြောင့် မြို့ပြ UG တွေပနေနဲ့ ပိုပြီး ပြင်ဆင်ဆောင်ရွက်သွားမယ်လို့လည်း မြို့ပြ UG အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းချိန်ကစလို့ ယနေ့အချိန်အထိ မြို့ပြ ပြောက်ကျား UG တွေက စစ်အောက်စီလက်ဝေခံ အုပ်ချုပ်ရေမှူးအများအပြားကို ပစ်ခတ်ရှင်းလင်းမှုတွေ ပြုလုပ်ထားပါတယ်။