Homeပြည်တွင်းသတင်းကလေးမြို့နယ် စော်ဘွားရေရှင်ရွာက NUG ဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကလေးမြို့နယ် စော်ဘွားရေရှင်ရွာက NUG ဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

၂၈ ဩဂုတ်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ကျေးရွာမှာ NUG လက်အောက်ခံ တော်လှန်ရေးအင် အားစုတွေဖွင့်ထားတဲ့ဆေးခန်းတစ်ခုကို စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့တဲ့အတွက် တော်လှန် ရေးရဲဘော်တစ်ဦး ကျဆုံးပြီး လူနာတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ကလေး-ကလေးဝလမ်းပေါ်က စော်ဘွားရေရှင်ကျေးရွာကို ဩဂုတ်လ ၂၇ ရက် နေ့လည် ၃ နာရီဝန်း ကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချလိုက်ပြီး ဗုံးဟာ ဆေးခန်းအတွင်းကို ကျတဲ့အတွက် လူနာစောင့်နေတဲ့ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။

ထွက်မပြေးနိုင်တဲ့လူနာတစ်ဦးလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သတင်းပေါက်ကြားတာကြောင့် လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဆေးခန်းကို အရင်နေရာမှာ ဖွင့်ထားတုန်းကလည်း နေရာအတိအကျနဲ့ လေကြောင်းက လာရောက် တိုက်ခိုက်ခဲ့ဖူးပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်က တမူးခရိုင် အထူးတပ်ရင်း SR-4 က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ် တမူးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေး-ကလေးဝ လမ်းမကြီးဘေးက စော်ဘွားရေရှင်ကျေးရွာ အပါအဝင် ကနန် ၊ ခမ်းပတ်ကျေးရွာတွေကို ဒီနှစ်အတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူ အရပ်သား ပြည်သူ (၃၀) ဦးထက် မနည်းရှိနေဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read