Homeပြည်တွင်းသတင်းကလပ်မှာ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းနဲ့ DJ တီးခဲ့တာကို DJ Violet ပြန်တောင်းပန်

ကလပ်မှာ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းနဲ့ DJ တီးခဲ့တာကို DJ Violet ပြန်တောင်းပန်

၁၁ စက်တင်ဘာ ၂၀၂၅

ရန်ကုန်မြို့က ကလပ်တခုမှာ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းနဲ့ တီးခတ်ပြီး ကလပ်ထဲမှာ ကခုန်စေခဲ့တဲ့ အတွက် DJ Violet ကပြန်လည်တောင်းပန်ခဲ့တယ်လို့သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မဟာသံဃနာယက အဖွဲ့မှာလည်း သွားရောက်တောင်းပန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် မဂျစ် သီဆိုထားတဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ Violetက DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့မှုအပေါ် ဝေဖန်သံမူတွေ ထွက်ပေါ်ခဲ့တာပါ။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို စတူဒီယိုခေတ်ဦးအဆိုတော် မဂျစ်က သီဆိုထားပြီး အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ကပြန်လည်သီဆိုထားတာဖြစ်ပါတယ်။

DJ Violet က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကပြန် လည်တောင်းပန်ခဲ့တာဖြစ်ပြီး

“ကျွန်မကိုယ်တိုင်လဲဗုဒ္ဓဘာသာကိုစော်ကားရင်အမြတ်ထွက်သလိုအား လုံးဖြစ်မယ်ဆိုတာကိုလဲသိပါတယ်။ကျွန်မကိုအားရပါရပြောကြပါ အဲ့ထက်ကြီးတဲ့အပြစ်တွေရှိရင်လည်းပေးကြပါ။တကယ်အနူးအညွတ်တောင်းပန်ပါတယ်။တမင်ရည်ရွယ်ပီးလုပ်ခဲ့တာမဟုတ်ပါဘူးရှင့်” လို့ ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး