Homeပြည်တွင်းသတင်းကရင်ပြည်နယ်၊ ပိုင်ရပ်ရွာက ကလေးတွေ စာသင်နေတဲ့ အိမ်ကို စစ်ကောင်စီဗုံးကျဲ၊ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ကရင်ပြည်နယ်၊ ပိုင်ရပ်ရွာက ကလေးတွေ စာသင်နေတဲ့ အိမ်ကို စစ်ကောင်စီဗုံးကျဲ၊ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ဇွန်၊ ၂၀၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အစပ်မှာရှိတဲ့ ပိုင်ရပ်ရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ်တလုံးကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၉ ရက် နေ့လည် ၂ နာရီခွဲလောက်က ပိုင်ရပ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိသွားပါတယ်။

“ကိုယ်ထူကိုယ်ထ​ကျောင်းပါ။ အရင်ရက်တွေက ကျောင်းမှာ စာသင်တာ၊ ခုမှ အိမ်ကိုပြောင်းသင်တာ၊ အဲ့တာကို လေကြောင်းကနေ လာကျဲသွားတာ။”လို့ ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

အသေးစိတ်အခြေအနေတွေကို တော့ New Day Myanmar သတင်းဌာနက ဆက်လက်အတည်ပြုတင်ဆက်ပေးသွားပါမယ်။

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read