၂၅ ဇန်ဝါရီ ၊၂၀၂၅
ကရင်ပြည်နယ် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အတွင်း အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ပြီး နှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက က ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်မှုအောက်ရှိတော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေထံမှ အရာရှိအရာခံများအပါအဝင် တပ် သား (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရာ နဲ့ ချီတဲ့ ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KNU က အသိပေးထားပါတယ်။
ဆက်လက်ပြီး တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၁၀၀) ဦးခန့် မှာ တိုင်းပြည် နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – KNU