၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅
ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန DSI က စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူကို ဝရမ်းထုတ်နိုင်ဖို့ ဆွေးနွေးနေတယ်လို့ ထိုင်းတရားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
(DSI) မှ စုံစမ်းစစ်ဆေးသူများသည် လူကုန်ကူးမှုနဲ့ မြန်မာ နယ်ခြားစောင့်တပ်တေ ပတ်သတ်နေတယ်ဆိုတဲ့အထောက်အထားတွေ ယူလာပြီး အမှုစစ်ဆေးရေးရုံးရှိ ဦးစီးမှူးတွေနဲ့ ဝရမ်းထုတ်ဖို့ ကိစ္စတွေ ဆွေးနွေးနေတယ်လို့ ထိုင်းသတင်းဌာန မာ့တီချွန်းက ဖော်ပြထားပါတယ်။
ဒီသက်သေအထောက်အထားတွေဟာ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသား တစ်ဦးဆီက ရတာ ဖြစ်ပြီး သူဟာ ဖုန်းခေါ်ငွေလိမ်လုပ်ငန်း(Call Center Gang)မှာ အတင်းအကြပ်ဖမ်းဆီးခိုင်းစေခံထားရသူ ဖြစ်ပါတယ်။
DSI က ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုထားသူစာရင်းမှာ စောချစ်သူ တစ်ဦးတည်း မဟုတ်ဘဲ တခြားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ စောမုတ်သုံနဲ့ စောတင်ဝင်းတို့လည်း ပါဝင်နေပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး