Homeပြည်တွင်းသတင်းကယ်ဆယ်ရေး လုပ်ရင်း တွေ့ရှိခဲ့တဲ့ရွှေထည်ပစ္စည်းနဲ့ ငွေသားတွေကို ကာယကံရှင် ပိုင်ရှင်လက်ထဲအတိအကျ ပြန်လည် ပေးအပ်နေကြ

ကယ်ဆယ်ရေး လုပ်ရင်း တွေ့ရှိခဲ့တဲ့ရွှေထည်ပစ္စည်းနဲ့ ငွေသားတွေကို ကာယကံရှင် ပိုင်ရှင်လက်ထဲအတိအကျ ပြန်လည် ပေးအပ်နေကြ

ဧပြီ၊၂၀၂၅

မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်စဥ်အတွင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက တွေ့ရှိခဲ့တဲ့ရွှေထည်ပစ္စည်းနဲ့ ငွေသားတွေကို ကာယကံရှင် ပိုင်ရှင်လက်ထဲအတိအကျ ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီကငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့နေရာတွေကို သွားရောက်ကူညီနေပြီး လိုအပ်ပါက ဆက်သွယ်ကြဖို့ အသိပေးထားပါတယ်။

ရန်ကုန်မြို့ကနေ လာရောက်ကူညီနေတဲ့ လူမှုကူညီရေးအသင်းတွေကလဲ ကူညီနေစဥ်အတွင်းတွေ့ရှိရတဲ့ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေကို မိသားစုဝင်တွေဆီ ပြန်ပေးအပ်ထားတယ်လို့ ပြောကြပါတယ်။

အချို့သေဆုံးသူတွေမှာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ နေပြည်တော်၊ပဲခူးတိုင်းအပါဝင် နေရာအနှံအပြားမှာ လှုပ်ခတ်ခဲ့ငလျင်ကြောင့် သေဆုံးသူပေါင်း ၂၀၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read