Homeပြည်တွင်းသတင်းကယန်းအမျိုးသား တက္ကသိုလ် စတင်ဖွင့်လှစ်

ကယန်းအမျိုးသား တက္ကသိုလ် စတင်ဖွင့်လှစ်

၆ ဩဂုတ်၊ ၂၀၂၄

ကရင်နီပြည်နယ်မှာ ကယန်းအမျိုးသား တက္ကသိုလ်ကို သြဂုတ် ၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ကယန်းအမျိုးသား ပညာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ကယန်းအမျိုးသား တက္ကသိုလ်မှာ အခြေခံပညာ၊ အဆင့်မြှင့်ပညာများကို ပေးမယ်လို့ ဆိုပြီး၊ အမျိုးသားတက္ကသိုလ်များနဲ့ ပြည်ထောင်စုတက္ကသိုလ်များ၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

ဒီတက္ကသိုလ်မှာ ဆရာအတတ်သင်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံဖြိုးရေး၊ လူမှုသိပ္ပံ၊ ကွန်ပျူတာ၊ ကယန်းစာပေ နဲ့ ဘာသာစကား စတဲ့ ပညာရပ်များကို သင်ကြားပေးမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ သဘာဝသိပ္ပံ၊ စီးပွားရေး၊ ဥပဒေ၊ မြို့ပြတည်ဆောက်ခြင်း စတဲ့ ပညာရပ်တွေကိုလည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသား ပညာရေးကော်မတီကို ၂၀၂၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး၊ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၄၅ ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ ၁၃၀၀၀ အပြင် သင်ကြားရေး ဆရာ၊ ဆရာမ ၁၀၀၀ ဦးနဲ့ လည်ပတ်နေပါတယ်။

ပညာရေးအတွက် ပံ့ပိုးပေးသူတွေ၊ (KNLP) ကယန်းပြည်သစ်ပါတီ၊ လှူဒါန်းပေးသူတွေ၊ Critical Thinking Foundation ရဲ့ ဒေါက်တာ သိန်းလွင် နဲ့ အဖွဲ့၊ မိတ်ဖက်ပညာရေးအသင်တွေက ပညာရှင်တွေကို အထူးကျေးဇူးတင်ကြောင်းလည်း ကယန်းအမျိုးသား ပညာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read