Homeပြည်တွင်းသတင်းကမ္မမြို့က သားဖွားဆေးခန်းနေရာ စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

ကမ္မမြို့က သားဖွားဆေးခန်းနေရာ စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

၁၈ မေ၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ထဲ ကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် သားဖွားဆေးခန်းတခုလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“သားဖွားဆေးခန်းကို ထိပါတယ်။ ဆေးခန်းက ပိတ်ထားတာတော့ကြာပါပြီ။”လို့ ဒေသခတဦးက ပြောပါတယ်။

ကမ္မမြို့မှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ စစ်ကောင်စီတပ်တွေလည်း ရှိနေပေမယ့် ခုလို ရပ်ကွက်ထဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read