Homeပြည်တွင်းသတင်းကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၆ ခုကို ထိုင်းစစ်တပ်ပိတ်

ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၆ ခုကို ထိုင်းစစ်တပ်ပိတ်

၂၄ ဇွန် ၊၂၀၂၅

လူသားချင်းစာနာထောက်ထားမှုကူညီတဲ့ အနေနဲ့ ဆေးကုသခြင်း၊ အရေးပေါ်လူနာလွှဲပြောင်းပေးခြင်း နဲ့ ကျောင်းသားပညာရေးစတဲ့ ကိစ္စရပ်တွေမှလွဲပြီး ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၆ ခုကို ထိုင်း စစ်တပ်က ဖြတ်သန်းခွင့် ပိတ်လိုက်ပါတယ်။

နယ်စပ်ကန့်သတ်ချက်ဟာ နိုင်ငံခြားသားတွေသာမက ထိုင်းတွေအပေါ်ပါ အကျုံးဝင်ကြောင်းနဲ့ ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ ခရိုင် ၆ ခုစလုံးမှာ ကျောင်းသားတွေနဲ့ ဆေးကု သဖို့ လာရောက်သူတွေကလွဲလို့ ယာဉ်တွေနဲ့ ခြေလျင်ခရီးသွား အားလုံး ဖြတ်သန်းခွင့်ပိတ်လိုက်တယ်လို့ ဇွန်လ ၂၃ ရက်နေ့ မှာ ထိုင်းစစ်တပ်က ထုတ်ပြန် ထားပါတယ်။

ဆူရင်၊ ဘူရီယမ်၊ ဆရီဆကတ်၊ စာကော၊ ချန်သာဘူရီနဲ့ ထရတ်ခရိုင် နယ်စပ်ဂိတ်တွေကို မဖြစ်မနေလိုအပ်တဲ့ သွားလာမှုကလွဲရင် အားလုံး ချက်ချင်းပိတ်မှာဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားဟာ နယ်စပ်နေရာ ၄ ခု ပိုင်နက်အငြင်းပွားမှုအတွက် ဖြေရှင်းပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တိုင်ကြားထားပါတယ်။

ဓာတ်ပုံ – crd

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး