ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အသိပညာပေးသီတင်းပတ်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ စတင်လိုက်ပြီဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ပညာပေးဆောင်ပုဒ်ကတော့ “ပစ္စုပန်ကို ကာကွယ်ပြီး အနာဂတ်ကို လုံခြုံစေ”ဆိုတာဖြစ်ပါတယ်။
ဆေးယဉ်ပါးမှုကြောင့် နှစ်စဉ် လူပေါင်း တစ်သန်းကျော် သေဆုံးနေရတယ်လို့ (WHO) ရဲ့အချက်အလက်တွေအရ သိရပါတယ်။
WHO က ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် နယ်ပယ်ပေါင်းစုံရဲ့ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ပြောကြားပြီး အားလုံးပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
ဆေးယဉ်ပါးမူဆိုတာဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုင်၊ ဖန်းဂတ်စ်တွေဟာ ဆေးဝါးနဲ့ တိုက်ဖျက်လိုက််််လို့ မသေတော့ဘဲ ဆေးသောက်ပေမယ့် ဆိုးရွားလာနိုင်တဲ့ အခြေအနေ ကို ဆေးယဉ်ပါးမှု လို့ ခေါ်ပါတယ်။


