၇ ဖေဖော်ဝါရီ၊ ၂၀၂၅
ကမ္ဘာမကျေဘူးသီချင်းကို ရေးသားခဲ့သူ တေးရေးနိုင်မြန်မာ ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့မနက်မှာပဲ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ တေးရေးနိုင်မြန်မာဟာ သီချင်းအပြင် ၊ ကဗျာတွေကိုလည်း ရေးသားသူ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။
သူရေးသားတဲ့အထဲက အကျော်ကြားဆုံး သီချင်းတွေမှာ ကမ္ဘာမကျေဘူး၊ ဝါဆို၊ ခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ပလက်ဖောင်းရှိုးတို့မှာလည်း နာမည်ကြီးပါတယ်။ သူဟာ မဆလအစိုးရလက်ထက်မှာ ဆေးရောင်စုံမြင်ကွင်းကျယ်ဆိုတဲ့ သီချင်းကြောင့် တရားရင်ဆိုင်ခဲ့ရဖူးသလို သူ့ရဲ့သားဖြစ်သူ ဗျူဟာမှာလည်း မီးမလာတဲ့ကိစ္စကို အွန်လိုင်းက ပြောဆိုမိတဲ့အတွက် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။
ဓာတ်ပုံ- Citizen