Homeပြည်တွင်းသတင်းကမ္ဘာတဝန်း သတင်းသမား ၁၄၂ ဦးသတ်ဖြတ်ခံရ၊ မြန်မာက ၃ ဦးပါဝင်

ကမ္ဘာတဝန်း သတင်းသမား ၁၄၂ ဦးသတ်ဖြတ်ခံရ၊ မြန်မာက ၃ ဦးပါဝင်

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၄

၂၀၂၄ ခုနှစ်အတွင်း တကမ္ဘာလုံးမှာ သတင်းသမားပေါင်း ၁၄၂ ယောက် သတ်ဖြတ်ခံရပြီး၁၉၉၂ ခုနှစ်က စတင်ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ခဲ့တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလို သတ်ဖြတ်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက ကိုဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း၊ ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့လည်း ပါဝင်ပြီး သူတို့ကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာအဝှမ်း သတ်ဖြတ်ခံရတဲ့ သတင်းသမားတွေထဲမှာတော့ ဂါဇာကမ်းမြောင်ဒေသမှာ ၈၂ ဦး ဖြစ်ပြီး ပါလက်စတိုင်းသတင်းထောက်တွေ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။ အဲ့ဒီနောက် လက်ဘနွန်မှာ ၃ဦး၊ မြန်မာက သုံးဦး၊ ဆူဒန်က ခြောက်ဦး၊ ပါကစ္စတန်က ၆ ဦး၊ မက္ကဆီကို ၅ ဦး၊ ဆီးရီးယားက ၄ဦး၊ အီရတ်က ၃ဦး၊ ဟေတီက ၂ဦး တို့ဖြစ်ကြပါတယ်။

“အခုအချိန်ကာလဟာ သတင်းသမားတွေ အတွက် အန္တရာယ်အများဆုံးကာလပါပဲ။” လို့ CPJ ရဲ့ CEO Jodie Ginsberg ကပြောပါတယ်။

ဆက်စပ် သတင်းများ

Most read