Homeပြည်တွင်းသတင်းကမ္ဘာကျော် ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတယ်လို့ စစ်ကော်မရှင်လော်ဘီတွေ သတင်းဖြန့်

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတယ်လို့ စစ်ကော်မရှင်လော်ဘီတွေ သတင်းဖြန့်

၂၄ ဩဂုတ် ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့အကြားမှာရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ စစ်ကော်မရှင်လော်ဘီတွေက ဒီနေ့ ဩဂုတ် ၂၄ရက်မှာတယ်လီဂရမ် စာမျက် နှာကနေ ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။

အဲဒီ ဂုတ်ထိပ်တံတားဟာ နောင်ချိုမြို့နဲ့ ၇ မိုင်ခန့်အကွာ၊ မန္တလေး -လားရှိုး လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ဝေတဲ့သတင်းမှာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုကြောင့် ဖြစ်ပွားတယ်ဆိုတာမျိုးတိတိကျကျဖော်ပြထားမတွေ့ရဘဲ တ ဖက်တော်လှန်ရေးအဖွဲတွေကို စွပ်စွဲချက်တွေနဲ့ ရေးသားထားတာကိုတာတွေ့ရပါတယ်။

“အဲဒီဘက်လမ်းက ပြည်သူတွေမသွားရတာ နှစ်နဲ့ချီနေပြီ။ ဘာ့ကြောင့်ဆိုတာမျိုးလည်း ကျွန်တော်တို့မပြောတတ်တော့ဘူး၊ လောလောဆယ်တော့ အဲဒီဖက်မှာက (နောင်ချို)စစ်တပ်က ပြန်နေရာယူ ထားတာ။ အတိအကျတော့ ကျွန်တော်တို့လည်း မသိဘူး”ဟု ကျောက်မဲဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

လက်ရှိမှာ နောင်ချိုမြို့ကို စစ်ကော်မရှင်လက်အောက်ခံတပ်တွေက ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောင်ချိုကနေ ကျောက်မဲဘက်ကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊လေ ကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“အဘတို့ဒါက ပလောင်တွေ ဘက်က တော်တော်လေး စော်ကားတာ ရုပ်ပေါက်လွန်း‌ နေပါပြီ။သည်းခံတာက အတိုင်း အတာ တစ်ခုအထိပဲ ဖြစ်သင့်ပါတယ်။

နမ့်ဆန်နဲ့ မံတုန်ကို ဗုံးကြဲပေးပါ။ ဒီစော် ကား ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ပေးပါ။”လို့ စစ်လော်ဘီ နရီမိုးက ရေးသားမျှဝေထားပါတယ်။

လတ်တလော ကျောက်မဲမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသလို စစ်တပ်ဘက်က လေကြောင်းကနေ နေ့စဉ်ဆိုသလိုဗုံးကြဲပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး