Homeပြည်တွင်းသတင်းကမာရွတ်မြို့နယ်က ရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ကမာရွတ်မြို့နယ်က ရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

၁၉ ဧပြီ၊ ၂၀၂၅

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်က မြို့မရဲစခန်းကို ဧပြီလ ၁၈ ရက်နေ့ ည ၁၀နာရီ ဝန်းကျင်က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OperationFlame(OF) က ထုတ်ပြန်လိုက်ပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်မှု ရှိနိုင်ပြီး အသေးစိတ် အခြေအနေတွေကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို OperationFlame(OF) နဲ့အတူ မဟာမိတ် Yangon UG People Army(YUPA) က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးပြီးဆုံးပြီးနောက်မှာ တော်လှန်ရေးရဲဘော်တွေ အားလုံး ဘေးကင်းရာကို ပြန်လည်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

OperationFlame(OF) အနေနဲ့ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့အတူ လက်တွဲပြီး စစ်ကောင်စီကို ဆက်လက် အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read