Homeပြည်တွင်းသတင်းကန်ချနဘူရီမှာ တရားမဝင် မြန်မာ ၁၅ ဦးတင်ဆောင်လာတဲ့ကားကို စစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးတာကြောင့် ရဲကားနဲ့တိုက်ပြီးဖမ်းဆီးခဲ့ရ

ကန်ချနဘူရီမှာ တရားမဝင် မြန်မာ ၁၅ ဦးတင်ဆောင်လာတဲ့ကားကို စစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးတာကြောင့် ရဲကားနဲ့တိုက်ပြီးဖမ်းဆီးခဲ့ရ

၁၅ မေ ၊၂၀၂၅

ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် မြန်မာ ၁၅ ဦးတင်ဆောင်လာတဲ့ကားကို စစ်ဆေးဖို့ တားဆီးစဉ် မောင်းပြေးမှုဖြစ်ပွားပြီး လိုက်ဖမ်းရာမှ ရဲကားနဲ့တိုက်ပြီး ကားလမ်းဘေးကျကာ အဖမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြလာမှုအရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ခရိုင်အတွင်းရှိ အဝေးပြေးလမ်းပေါ်မှာ ပြီးခဲတဲ့ မေလ ၁၃ ရက်နေ့က တရားမဝင် မြန်မာ ၁၅ ဦးတင်ဆောင်လာသော ကားတစ်စီးကို စစ်ဆေးဖို့ တားဆီးစဉ် မောင်းပြေးခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က လိုက်လှန်ဖမ်းဆီးခဲ့ရာ လမ်းတစ်နေရာအရောက် အဆိုပါကားမှာ ရဲကားနဲ့တိုက်မီပြီး လမ်းဘေးရှိ ကြံခင်းထဲသို့ ထိုးဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသူမှာ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့မှ အချိန်မှီဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ဖြစ်သူမှာ အသက် ၃၁ နှစ်အရွယ် ထိုင်းနိုင်ငံသား Mr. Sorachaiဆိုသူဖြစ်ကြောင်းနဲ့ ကားပေါ်မှာ တရားမဝင် မြန်မာလုပ်သား မြန်မာ ၁၅ ဦး ကိုပါဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း ထိုင်းရဲတပ်ဖွဲ့မှာ အဆိုပါကားလိုက်လံမ်းဆီးစဉ် လမ်းမှာရဲတပ်ဖွဲ့ဝင်ကားများအား ကြားဖြတ် ဟန့်တားခဲ့တဲ့ အခြားအိမ်စီးကားတစ်စီးကိုပါ ဖမ်းဆီးထားကြောင်းနဲ့ မြန်မာလုပ်သား မြန်မာ ၁၅ ဦးကို ခေါ်ဆောင်လာတဲ့ ထိုင်း ယာဉ်မောင်း ထိုင်းနိုင်ငံသား Mr. Sorachai ဆိုသူမှာလည်း မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား ၁၅ ဦးမှာလည်း တရားဝင်အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူတွေ ဖြစ် တယ်လို့လည်း ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read