ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ ထားမခါမြို့နယ်အတွင်း ဆံပင်ညှပ်ဆိုင်နှစ်ဆိုင်ကို စစ်ဆေးရာက မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူးရုံးရဲ့ ဇွန် ၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
လူမှုကွန်ရက်ပေါ်မှာ တရားမဝင် ဆံပင်ညှပ်ဆိုင်တွေရှိတယ်လို့ သတင်းတွေ ပေါ်လာမှုနောက် ခုလိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။ အခုလို ဆံပင်ညှပ်ဆိုင်ဖွင့်တာဟာ ထိုင်းနိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို လုယူတာဖြစ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးရေးအဖွဲ့က ပထမဆိုင်မှာ အသက် ၂၀ နှစ်အရွယ် မြန်မာအမျိုးသားတဦးနဲ့၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးကို ဖောက်သည်ဝန်ဆောင်မှုပေးနေစဉ် ဖမ်းဆီးခဲ့ပြီး ဒုတိယဆိုင် (ပန်းသခင်)မှာ လိင်ပြောင်းထားသူအသက် ၃၀ နှစ်ရှိသူ မြန်မာနိုင်ငံသားတဦးအား ဖောက်သည်ကို ခေါင်းလျှော်ပေးနေစဉ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးစလုံးဟာ ဆိုင်ဖွင့်ဖို့ လုပ်ငန်းလိုင်စင်မရှိကြောင်း ဝန်ခံခဲ့ပြီး၊ တရားမဝင်အလုပ်လုပ်ကိုင်မှုနဲ့တားမြစ်ထားသော အသက်မွေးလုပ်ငန်း ပြုလုပ်မှုတွေအတွက် ထားရွမ် ရဲစခန်းကို ပို့ဆောင်ကာ စတင်အရေးယူဆောင်ရွက်နေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – MRG online