ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်မှာ မီးနီးမိပြီး ရပ်နေတဲ့ ပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာ ကားအတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ မူးယစ်ဆေး ဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ လာမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့ ကန်ကျနဘူရီခရိုင်၊ မင်မြို့ ၊လာတ်ယာ့ကျေးရွာရှိ မီးပွိုင့်မှာ မီးနီမိပြီး ရပ်နေတဲ့ ပစ်ကပ်ကားကို မသင်္ကာလို့ စစ်ဆေးရာမှ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ယာဉ်မောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနဲ့ အဆိုပါ မြန်မာလုပ်သား ၁၉ ဦးကို ကော့စမွီ၊ စူရတ်ထာနီ နဲ့ မလေးရှားနိုင်ငံတို့ ပို့ဆောင်ရမှာဖြစ်ကြောင်းနဲ့ ပို့ဆောင်ခအဖြစ် ကနဦးငွေ တစ်ဦးကို ဘတ် ၅၀၀ ယူထားပြီး နေရာရောက်ပါက အဆိုပါအလုပ်သမားတွေက ကားသမားကို ဘတ် ၁၂၀၀၀ ထပ်ပေးရ မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးမိသူအားလုံးကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ လာတ်ယာ့ ရဲစခန်းကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။