၆ နိုဝင်ဘာ၊၂၀၂၄
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ အောက်တို ဘာလ ၃၀ နေ့မှ နိုဝင်ဘာလ ၄ ရက်အတွင်း စစ်ကောင်စီတပ်က အကြောင်း မဲ့ဖမ်းစီးခဲ့တဲ့ အပြစ်မဲ့ပြည်သူစုစုပေါင်း ၁၂၂ ဦးထိရှိလာပြီဖြစ်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့က ထုန်ပြန်အသိပေးထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်နေ့က ကာဘိုးအ ထိုင်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအင်အား ၁၆၀ ခန့်က ကျောက်တိုင်၊ကျီစုကျေးရွာတွေကို မီးရှို့ဖျက်စီးခဲ့အပြီး အိုင်ပေါင်းချောင် ကျေး ရွာမှ အပြစ်မဲ့ပြည်သူ ၃၇ ဦးကိုဖမ်းစီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းစစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ကာဘိုးတိုက်နယ်အတွင်းရှိ ဝက်တိုး(တ)ရွာ အားထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်း ကာဘိုးပျူအထိုင်မှ ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင် စီတပ်နဲ့ ပျူပူးပေါင်းအင်အား ၁၀၀ ခန့်က ဘူးကြီးကျေးရွာကို ၀င်ရောက်ခဲ့ပြီး ရွာထဲတွင်ပိတ်မိနေတဲ့ အပြစ်မဲ့ ပြည် သူ ၅၀ အားဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အပြင် ညနေ ၄ နာရီခွဲအချိန်မှာ ကျီကုန်းကျေးရွာကို ဝင်ရောက်ခဲ့ ပြီး အပြစ်မဲ့ပြည်သူ ၃၀ ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၄ ရက်နေ့ထိ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူပေါင်း ၁၂၂ ဦးထိရှိလာခဲ့ပြီဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင်လည်း ဇီးကုန်းမြို့၊လက်ဆည် ရပ်ကွက်ကို စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအဖွဲ့မှ မီးရှို့ဖျက်စီးသွားခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပြီး အသေးစိတ်သိရှိနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်