Homeပြည်တွင်းသတင်းကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုး၊ ဒရုန်းနဲ့ ဗုံးသီးချတဲ့အတွက် ၂ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ

ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုး၊ ဒရုန်းနဲ့ ဗုံးသီးချတဲ့အတွက် ၂ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ

၂၉ စက်တင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး၊ ဒရုန်းနဲ့ ဗုံးသီးချနေတဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၂၇ ရက် နေ့လည်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာရွာက စစ်ကောင်စီ အထိုင်စခန်းက ရေရှင်ကြီးရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီး ၃လုံးချတိုက်ခိုက်တဲ့အတွက် ကျား ၄ ဦး မ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ခရီးသွားပြည်သူ ကျားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာ အောင်တိုင်းလယ်ကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။ စပါယ်နံ့သာရွာက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ကလည်း ကန့်ဘလူမြို့နယ်၊ သီရိမွန်ကျေးရွာနဲ့ မေတ္တာမွန်ကျေးရွာတွေကို Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နံနက်ပိုင်းမှာ မှန်နီပင်ရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တဲ့အတွက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

စက်တင်ဘာ ၁၇ နဲ့ ၁၈တို့မှာ ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာစစ်ကောင်စီအထိုင်စခန်းကို ကန့်ဘလူခရိုင် PDFတပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်တွေ အထိနာတဲ့အတွက် တိုက်ပွဲမရှိတဲ့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ- စစ်ဘေးရှောင်(ပုံဟောင်း)

Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဆက်စပ် သတင်းများ

Most read