Homeပြည်တွင်းသတင်းကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်ကော်မရှင်အပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar တောင်းဆို

ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်ကော်မရှင်အပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar တောင်းဆို

၂၁ ဩဂုတ် ၂၀၂၅

ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ တရားမဝင်စစ်အုပ်စုကို ပြတ်သားတဲ့ပိတ်ဆို့အရေးယူဆောင်ရွက်တာတွေကို ဆက်လက်တည် ရှိနေစေဖို့နဲ့ ပိတ်ဆို့အရေးယူတာတွေကို ရှောင်တိမ်းနေတာကနေ တားဆီးဖို့ အ တွက် စစ်ကော်မရှင်ကို ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ အရေးပေါ်ထည့်သွင်းဖို့ လိုအပ်နေပြီဖြစ်တယ်လို့ Justice For Myanmar တောင်းဆိုထားပါတယ်။

သြစတြေးလျအနေနဲ့ စစ်ကော်မရှင်ရဲ့ဘဏ္ဍာငွေတွေ၊လက်နက်တွေ၊နည်းပညာနဲ့ လေယာဥ်လောင်စာဆီရင်းမြစ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာတွေ ချမှတ်တာပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထိန်းသိမ်းရာမှာ အဲ့ဒီ အခန်းကဏ္ဍတွေကို ပါဝင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

Justice For Myanmarရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “နစကကနေ နလငက(နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်) လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ်လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။” လို့ ‌ဆိုပါတယ်။

ဒါအပြင် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကို ရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး၊ အစိုးရတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်လို့ တဆက်တည်းပြောကြားထားပါတယ်။

ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်ကော်မရှင်

အပေါ် အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာတွေ ညှိနှိုင်းချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက် နက်၊ နည်းပညာနဲ့ လေယာဉ်ဆီလမ်း ကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်နိုင်ရေး တိုးမြှင့်အားထုတ်လုပ်ဆောင်တာတွေနဲ့ တုံ့ပြန်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သြစတြေးလျအနေနဲ့ စစ်ကော်မရှင်ကို ကို ဒဏ်ခတ်ပိတ်ဆို့ပြီး ၎င်းရဲ့ မဟာမိတ်တွေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်လည်း ဆိုထားပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (နလငက)” အဖြစ်နာမည် ပြောင်းပြီးကတည်းက စစ်အုပ်စုဟာ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေဗုံးကြဲတာတွေ၊ တရားလက်လွတ်ဖမ်းဆီးတာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ရပ်ရွာလူထုတစ်ရပ်လုံးကို ဖျက်ဆီးတာတွေနဲ့ မြန်မာပြည်သူလူထုအပေါ် ပစ်မှုထားတဲ့ အကြမ်းဖက်စစ်ဆင်ရေးလှုပ် ရှားတာတွေဟာ ပိုမိုဆိုးရွား ပြင်းထန်လာတာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး