၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ကနေဒါနိုင်ငံ တိုရွန်တို ပီယာဆန် လေဆိပ်မှာ ဖေဖော်ဝါရရီလ၁၇ရက် ဒေသစံတော်ချိန် ၂နာရီ၄၅မိနစ်က အမေရိကန် ဒယ်လ်တာလေကြောင်းလိုင်းပိုင် ခရီးသည်နဲ့လေယာဥ်အမှုထမ်း ၈၀ဦးလိုက်ပါလာတဲ့ခရီးသည်တင်လေယာဥ်တစ်စီးဟာ လေဆိပ်အဆင်းမှာ ပျက်ကျမှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အနည်းဆုံး၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတ ကာသတင်းများမှာ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ကလေးငယ်တစ်ဦးနဲ့လူ ကြီးနှစ်ဦးဟာ စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ် ဆယ်လုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ပေးခဲ့ကာဆေး ရုံအသီးသီးကို လူနာတင်ယာဥ်များနဲ့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
လေယာဥ်ပျက်ကျမှုဖြစ်စဥ်အပေါ်ကို ကနေဒါနိုင်ငံ သယ် ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က စုံစမ်းစစ် ဆေးသွားမှာဖြစ်ပြီး အမေရိကန်လေကြောင်းအာဏာ ပိုင်အဖွဲ့မှလည်း အကူအညီများ ပေးအပ်သွားမှာလို့ သိရပါတယ်။
လေယာဥ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ ဒီရက်ပိုင်းအတွင်း ကနေဒါနိုင်ငံတိုရွန်မှာ နှင်းမုန်တိုင်းများတိုက်ခတ်ပြီး ရာသီ ဥတုဆိုးရွားမှုဒဏ်ကို ဒေသခံတွေ ခံစားနေကြရတယ်လို့လည်း သိရပါတယ်။
Ref; The Gurdian