Homeပြည်တွင်းသတင်းကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစုသတ်ဖြတ်ခံရမှုဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စစ်ကိုင်း ၊ တမူး ၊ တန့်ဆည် ၊ ရေဦး ၊ ကန့်ဘလူ မြို့နယ်တွေက ဆရာ/ဆရာမတွေနဲ့ကျောင်းသား/သူတွေတောင်းဆို

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစုသတ်ဖြတ်ခံရမှုဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စစ်ကိုင်း ၊ တမူး ၊ တန့်ဆည် ၊ ရေဦး ၊ ကန့်ဘလူ မြို့နယ်တွေက ဆရာ/ဆရာမတွေနဲ့ကျောင်းသား/သူတွေတောင်းဆို

၄ ဒီဇင်ဘာ၊၂၀၂၄

ကနီမြို့ မြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးမိသားစု လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံရမှု ၁ လပြည့်အထိမ်းအမှတ်အနေနဲ့ အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ရေး စစ်ကိုင်း ၊ တမူး ၊ တန့်ဆည် ၊ ရေဦး ၊ ကန့်ဘလူ မြို့နယ် တွေက ဆရာ/ဆရာမတွေနဲ့ကျောင်းသား/သူတွေတောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုလိုက် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် ၁ လပြည့် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ လူမဆန်တဲ့ လုပ်ကြံ သတ် ဖြတ်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း နဲ့ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် တိုက်တွန်း တောင်းဆို ခြင်းဖြစ်တယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ BEGSC – CEC က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက်က ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့် သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ မိသားစု သုံးဦးသည် တပုန်းကျေးရွာနေအိမ်မှာ မတရား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပြည်သူ့ပညာရေးလုပ်ငန်းတွေဦးစီးဆောင်ရွက် နေတဲ့ ပညာရေးCDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဦးဝင်းဌေး အပါအဝင် မိသားစုသုံးဦးရဲ့ မတရား လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ် အဖွဲ့တွေအပါအဝင် အခြေခံပညာ CDM ဆရာ၊ ဆရာမတွေက လွန်စွာထိတ်လန့် တုန်လှုပ်ကြေကွဲ ဝမ်းနည်း ရကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများကွန်ရက်ရဲ့ အစီရင်ခံစာမှာလည်း ပြောဆိုထားပါတယ်။

Photo – BEGSC – CEC

ဆက်စပ် သတင်းများ

Most read