၂၁ ဇန်နဝါရီ၊ ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီ ၂၀ရက်မှာပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
Trump ဟာ ကုလသမဂ္ဂရဲ့ ကျန်းမာရေးအေဂျင်စီကို Covid 19 ကပ်ရောဂါ ပျံ့နှံ့တဲ့အတွက် ဝေဖန်ခဲ့ပြီး ၂၀၂၀ ဇူလိုင်မှာ တရားဝန်နှုတ်ထွက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကအိမ်ဖြူတော်ကို လွှဲပြောင်းရယူပြီးနောက်မှာ ကျန်းမာရေးအရေးပေါ် အခြေအနေအတွက် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေအတွက် အမေရိကန်နုတ်ထွက်မှုကို ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
တနင်္လာနေ့က ထုတ်ပြန်တဲ့စာမှာ “WHO ဟာ Covid-19 ကပ်ရောဂါကို ကိုင်တွယ်ပုံမှားယွင်းခဲ့ပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ တကမ္ဘာလုံးကျန်းမာရေးအကြပ်အတည်းဖြစ်စေခဲ့တဘ်။ အရေးပေါ် ဖွဲ့စည်းပုံပြင်ဆင်ဖို့ကိုလည်း ပျက်ကွက်ခဲ့တယ်။ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံရေးအရ မလျော်ဩဇာသုံးတာကို လက်မခံကြောင်းပြသတဲ့အနေနဲ့ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
နှစ်ပါတီလုံးက ဥပဒေပြုအမတ်တွေက ၂၀၂၀ ခုနှစ်မှာ ထရမ့်က နုတ်ထွက်ဖို့ ဆုံးဖြတ်တဲ့အခါ WHO ကိုဝေဖန်ခဲ့ကြပေမယ့် Covid-19 ကမ္ဘာလုံးဆိုင်ရာကပ်ဘေးအနေနဲ့ ဖြစ်လာတဲ့အခါ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ကြပါတယ်။ ဒီလိုလုပ်တာဟာ စစ်မှန်တဲ့အသိညဏ်မဲ့မှုတစ်ခုဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုစီက ဝေဖန်ပါတယ််။
အထက်လွှတ်တော် ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် ပင်စင်စားများကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လာမာအလက်ဇန်းဒါး ကလည်း ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ပြောကြားပါတယ်။
ဘိုင်ဒန် အုပ်ချုပ်ရေးကာလအတွင်း အိမ်ဖြူတော်မှာ Covid-19 တုံ့ပြန်ရေးညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ အရှစ်ဂျာ က ထရမ့် ရဲ့ ဒုတိယသက်တမ်းမှာ WHO က နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ “မဟာဗျူဟာအမှား” လို့ ပြောဆိုလိုက်ပါတယ်။
ဓာတ်ပုံ – NBC